Sunday, May 31, 2015

Roasted Cauliflower (ချက်နည်း)

parmesan roasted cauliflower

ဒီနေ့... thewickednoodle ဆီကချက်နည်းတွေကိုကြည့်ရင်းနဲ့ ပန်းပွင့်ကို roastedလုပ်တဲ့နည်းလေးတင်ချင်သွားတယ်။ လုပ်ရတာလည်းလွယ်ကူပြီး healthy လည်းဖြစ်တယ်။ Roasted လုပ်တယ်ဆိုတာကတော့လိုအပ်တာတွေကိုအကုန်ထည့်ပြီး Oven နဲ့သုံးတာပါ။


ကယ်... ချက်နည်းလေးကိုလေ့လာရအောင်။


လိုအပ်သောပစ္စည်းများ
  • ဂေါ်ဖီပန်းပွင့်တစ်ထုတ်
  • extra-virgin olive oil (၂)ဇွန်း
  • ဆား နဲ့ ငရုတ်ကောင်း
  • ချိစ် (၁) ခွက်
  • Oven
 ပန်းပွင့်ကိုအပွင့်လေးတွေဖြစ်အောင်လှီးပါ။ extra-virgin olive oil အနည်းငယ်ရယ် ဆားရယ်၊ ငရုတ်ကောင်းတို့ဖြင့်ရောနယ်ပါ။ ပြီးရင် oven ထဲထည့်ပြီးအများဆုံး(၄၅)မိနစ်ထားပါ။ (၁၅)မိနစ်ပြည့်တိုင်းအရသာနှပ်အောင် ပြန်ပြီးနယ်ပါ။ ပြီးမှ ချိစ်ကိုထည့်ပြီးနောက်၅မိနစ် roast ပြန်လုပ်ပါ။
 Voila! ခုဆိုရင်တော့လွယ်ကူပြီးအရသာရှိတဲ့ roasted cauliflower ကို sauce (သို့) mayoneseဖြင့်စားလို့ရပါပြီ။


 parmesan roasted cauliflower


 parmesan roasted cauliflower

Roasted Cauliflower မှာအသုံးပြူထားတဲ့ချိစ်ကတော့parmesanချိစ်အမျိုးစားဘဲဖြစ်ပါတယ်။ Parmesan ချိစ်ဆိုတာ Italy နိုင်ငံမှာရှိတဲ့ Parmaမြို့တော်ကထုတ်တာပါ။ သူကအ၀ါနုနုအရောင်ရှိပြီး များသောအားဖြင့် Italy အစားစာ spaghetti, Caesar salad , pizza တို့မှာသုံးကြပါတယ်။ ဒါပေမယ့်လည်းကိုယ်ကြိုက်တဲ့ဘယ်ချိစ်မျိုးမဆိုလည်းသုံးလို့ရပါတယ်။





No comments :

Post a Comment