Wednesday, May 20, 2015

မျက်ကွင်းညိုတာသက်သာအောင်ဘယ်လိုလုပ်ကြမလဲ?



မျက်ကွင်းညိုခြင်းအတွက်စိတ်ညစ်နေလား? မပူပါနဲ့။ သဘာဝနည်းတွေနဲ့သက်သာအောင်လုပ်လို့ရပါတယ်။

Milk Cream
Eye cream မရှိပါက အေးနေသောနွားနို့အနည်းငယ်ကိုသုံးနိုင်ပါတယ်။ အိပ်ရာမ၀င်ခင် milk

cream ကိုလက်သန်းကြွယ်ဖြင့်မျက်လုံးပတ်လည်မှာ massage

လုပ်ခြင်းဖြင့်မျက်ကွင်းညိုခြင်းအပြင်အသားရည်စိုခြင်း၊ ညီခြင်းတို့ဖြစ်စေပါတယ်။


ဆီ
Almond (သို့) အုန်းဆီဖြင့် မျက်လုံးတစ်ဝိုက်ကို massage လုပ်ခြင်းဖြင့် သက်သာစေသည့်အပြင် အသားရည်ဝင်းခြင်း၊ သွေးလည်ပတ်မှုကောင်းခြင်း၊

အရေးကြောင်းတွေကိုပါသက်သာစေပါတယ်။


လီမွန်သီးဖျော်ရည်
ညတိုင်း လီမွန်သီးဖျော်ရည်အနည်းငယ်ကို မျက်လုံးအောက်နဲ့ မျက်ခွံတို့မှာလိမ်းပေးခြင်းဖြင့်သက်သာစေပါတယ်။ ပြောင်းလဲမှုကို ၂လ ၃လအတွင်းတွေ့နိုင်ပါတယ်။


ခရမ်းချည်သီး
ညမအိပ်ခင် ခရမ်းချည်သီးဖျော်ရည်အနည်းငယ်ကိုမျက်လုံးအောက်မှာ

၁၅မိနစ်လောက်ထားပါ။ ခရမ်းချည်သီးမှာ သဘာဝbleaching

ဓာတ်ပါတဲ့အတွက်မျက်တွင်းညိုခြင်းကိုသက်သာစေပါတယ်။


ပျားရည်
ပျားရည်အနည်းငယ်ကို မျက်လုံးအောက်မှာတင်ပါ။ ပျားရည် mask

ကိုမိနစ်၂၀လောက်ထိထားခြင်းဖြင့်မျက်တွင်းညြို့ခင်းသက်သာနိုင်ပါတယ်။


ရှားစောင်းလပတ်
ရှားစောင်းစစ်စစ်ကိုမျက်လုံးအောက်မှာတင်ထားခြင်းဖြင့်

သက်သာနိုင်သည့်အပြင်အသားရည်ချောမွတ်စေပါတယ်။


နှင်းဆီရည် (rose water)
ပင်းပန်းနန်းနွယ်နေတဲ့မျက်လုံးကို သက်သာအောင်နှင်းဆီရည်ကိုစွတ်ပေးနိုင်ပါတယ်။

နှင်းဆီရည်ကအသားရည်ကိုဝင်းစေပါတယ်။


သခွားသီး
မျက်တွင်းညိုခြင်းကိုကုလေ့ရှိတဲ့နည်းကတော့

သခွားသီးကိုမျက်လုံးပေါ်တင်တာဘဲဖြစ်ပါတယ်။

မျက်ကွင်းညိုခြင်းအပြင်မျက်လုံးကိုကြည်လင်စေရန် သခွားသီးအစိတ်(သို့)ဖျော်ရည်

ဖြင့်သက်သာစေပါတယ်။







No comments :

Post a Comment